Min Thein Kha Min Bar Thi Lo Lal

 စိတ်ကူးလို့သာရစမ်းပါစေအဲ့ဒါတွေအားလုံးပိုင်ဆိုင်ခွင့်ရှိတယ်


စိတ်လမ်းကြောင်းလေး နည်းနည်းပြောင်းပေးလိုက်တာနဲ့မျက်လှည့်ပြလိုက်သလိုကိုယ်လိုချင်တဲ့အရာတွေနဲ့ပြည့်စုံသွားစေနိုင်တယ်ကွ မင်းဟာ လက်ဖက်ရည်သောက်ချင်တယ်ဆိုပါစို့ မင်းကိုလက်ဖက်ရည်ပေးမဲ့သူကရှိတယ် ဒါပေမဲ့ အဲ့လက်ဖက်ရည်ထည့်ဖို့ခွက်တော့မင်းမှာရှိဖို့လိုတယ်မဟုတ်လား  ငါပြောတဲ့အရာတွေဟာဂန်နာရီစွမ်းအင်တော့မဟုတ်ဘူး ဂန်နာရိစွမ်းအင်ကိုလက်ခံဖို့ ခွက်ဟေ့ ခွက်..ခွက်


ဂန်ဘီရနည်းတွေက သိရုံနဲ့အစွမ်းထက်တာမဟုတ်ဘူး လေ့ကျင့်မှအစွမ်းထွက်တာ


ဒီပစစည်းလေးနှစ်ခုဟာ ငါ့ကို ဂန်နာရီထွက်ပြီးကျင့်ဖို့အချက်ပေးလိုက်တာပဲ 

ထွက်မှဖြစ်မယ်....ဟုသဘောပေါက်သွားလေသည်



အတိတ်မှပုံရိပ်များ


အခန်း ၁


အလှူအိမ် 


ရန်ကုန်မြို့ရဲ့ဆင်ခြေဖုံးရပ်ကွက်ရှိ အိမ်ကြီးတစ်အိမ်တွင် ဘုန်းကြီး၉ပါးပင့်ဖိတ်ပြီး အလှူကြီးတစ်လှူကျင်းပနေလေသည်။ ဆင်ခြေဖုံးရပ်ကွက်ဟုဆိုသော်လည်း ဘတ်စ်ကားများပြေးဆွဲနေသောလမ်းမကြီးရဲ့နံဘေးအိမ်တန်းတွင်ဖြစ်သည်။

ထိုအိမ်ကြီးမှာ မြန်မာသမားတော်ကြီးတစ်ဦးရဲ့ဆေးရောင်းသောဆေးတိုက်လည်းဖြစ်သည်။ ထိုသမားတော်ကြီးဖော်စပ်သောဆေးမှာလွန်စွာအစွမ်းထက်ပြီး လွန်စွာမှလည်းအရောင်းတွင်လေသည်။ သို့ရာတွင်ထိုသမားတော်ကြီးမှာ ဆီးရောဂါဖြင့်ကွယ်လွန်ခဲ့ပြီဖြစ်သည်။ 


ထိုသမားတော်ကြီးမရှိတော့သော်လည်း သမားတော်ကြီးရဲ့ဆီးဆေးမှာတွင်ကျယ်လျက်ပင်ရှိသေးသည်။ ထို့ကြောင့်ကျန်ရစ်ခဲ့သူသမားတော်ကြီးမိသားစုမှာချမ်းသာကြွယ်ဝကြလေသည်။

လှူဒါန်းကျွေးမွေးသည့်အခါများတွင်လည်းပေါပေါများများလုံလုံလောက်လောက်နှင့်မွန်မြတ်သောအာဟာရများကိုသာကျွေးမွေးလေ့ရှိသည်။ 

ထိုရပ်ကွက်တွင်ရှိကြသော အသက်၁၃/၁၄နှစ်အရွယ်ယောင်္ကျားလေးများသည် ထိုအလှူတွင်ဝိုင်းဝန်းလုပ်ကိုင်ကြလေသည်။








Comments

Popular posts from this blog

Young Lady 01

High Kick 01